ဖခင္က ေကာင္းေကာင္းျပန္မမွတ္မိေတာ့လို႔ မ်က္ရည္က်ခဲ့ရတဲ့ ရဲမင္းပိုင္

နာမည္ေက်ာ္သရုပ္ေဆာင္ ရဲမင္းပိုင္တစ္ေယာက္ကေတာ့ သူ႔ရဲ့ ဖခင္က သူ႔ကိုေကာင္းေကာင္း ျပန္လည္မမွတ္မိေတာ့လို႔ ဝမ္းနည္းမ်က္ရည္က်ခဲ့ရပါတယ္။ ျမန္မာျပည္ကို ျပန္ေရာက္လာတဲ့ ရဲမင္းပိုင္က ဖခင္ကို လြမ္းတဲ့အတြက္ ခံစားခ်က္ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့တာကို ေတြ႔ရပါတယ္။

ေရာက္ေရာက္ခ်င္းမွာပဲ ဖခင္ျဖစ္သူ သရုပ္ေဆာင္ေဟာင္း ဦးေဌးဝင္းကို သြားေရာက္ ကန္ေတာ့ခဲ့တာမွာ ဖခင္ျဖစ္သူလည္းကလည္း မ်က္ရည္က်ခဲ့သလို သားျဖစ္သူ ရဲမင္းပိုင္လည္း မ်က္ရည္က်ခဲ့တာကို ေတြ႔ရပါတယ္။ ရဲမင္းပိုင္ရဲ့ ဓာတ္ပံုေတြဟာ ပံုႏွိပ္နဲ႔ အြန္လိုင္းမီဒီယာေတြထက္ ဒီတစ္ပတ္အတြင္း ေနရာေကာင္းေကာင္း ယူခဲ့ၾကပါတယ္။

ဒီေန႔ (ေဖာ္ေဖာ္ဝါရီလ ၆ ရက္) 5 PLUS မီဒီယာနဲ႔ အင္တာဗ်ဴးတစ္ခုမွာေတာ့ ဖခင္အေၾကာင္းေျပာရင္းနဲ႔ ရဲမင္းပိုင္တစ္ေယာက္ ကင္မွာေရွ႕မွာ ဝမ္းနည္းသံျဖစ္ၿပီး မ်က္ရည္က်ခဲ့ပါတယ္။ အခုအခ်ိန္မွာ သိပ္မၾကာေတာ့ဘူးထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အရမ္းအသက္လည္းႀကီးသြားၿပီး ၿပီးေတာ့ ကၽြန္ေတာ့ကိုေတာင္ သူမသိေတာ့ဘူး။ မွတ္ဥာဏ္ေတြက က်ဆင္းသြားၿပီ လို႔ ရဲမင္းပိုင္က ေျပာပါတယ္။

နာမည်ကျော်သရုပ်ဆောင် ရဲမင်းပိုင်တစ်ယောက်ကတော့ သူ့ရဲ့ ဖခင်က သူ့ကိုကောင်းကောင်း ပြန်လည်မမှတ်မိတော့လို့ ဝမ်းနည်းမျက်ရည်ကျခဲ့ရပါတယ်။ မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ရဲမင်းပိုင်က ဖခင်ကို လွမ်းတဲ့အတွက် ခံစားချက်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ရောက်ရောက်ချင်းမှာပဲ ဖခင်ဖြစ်သူ သရုပ်ဆောင်ဟောင်း ဦးဌေးဝင်းကို သွားရောက် ကန်တော့ခဲ့တာမှာ ဖခင်ဖြစ်သူလည်းကလည်း မျက်ရည်ကျခဲ့သလို သားဖြစ်သူ ရဲမင်းပိုင်လည်း မျက်ရည်ကျခဲ့တာကို တွေ့ရပါတယ်။ ရဲမင်းပိုင်ရဲ့ ဓာတ်ပုံတွေဟာ ပုံနှိပ်နဲ့ အွန်လိုင်းမီဒီယာတွေထက် ဒီတစ်ပတ်အတွင်း နေရာကောင်းကောင်း ယူခဲ့ကြပါတယ်။

ဒီနေ့ (ဖော်ဖော်ဝါရီလ ၆ ရက်) 5 PLUS မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာတော့ ဖခင်အကြောင်းပြောရင်းနဲ့ ရဲမင်းပိုင်တစ်ယောက် ကင်မှာရှေ့မှာ ဝမ်းနည်းသံဖြစ်ပြီး မျက်ရည်ကျခဲ့ပါတယ်။ အခုအချိန်မှာ သိပ်မကြာတော့ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းအသက်လည်းကြီးသွားပြီး ပြီးတော့ ကျွန်တော့ကိုတောင် သူမသိတော့ဘူး။ မှတ်ဉာဏ်တွေက ကျဆင်းသွားပြီ လို့ ရဲမင်းပိုင်က ပြောပါတယ်။