စစ်ကိုင်းဝန်ကြီးချုပ်ရဲ့ ဂုဏ်ပြုခြင်းခံလိုက်ရတဲ့ အဆိုတော် နိုင်းဝမ်း
နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းကတော့ ဝန်ကြီးချုပ်တစ်ပါးရဲ့ ဂုဏ်ပြုခြင်းကို ခံလိုက်ရတယ်လို့သိရပါတယ်။ ဒီအကြောင်းကို နိုင်းဝမ်းကိုယ်တိုင် သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီနေ့ (ဖော်ဖော်ဝါရီလ ၅ ) ရက်မှာပဲ တင်ထားတာ ဖြစ်ပါတယ်။
အသံပါဝါကောင်းကောင်းနဲ့ ခံစားချက်ပါပါ ရပ်ရွတ်သံများနဲ့အတူ လူသိများ နာမည်ကြီးလာတဲ့ နိုင်းဝမ်းက ဖေ့စ်ဘွက်လူမှုကွန်ယက်ကိုတော့ စွဲစွဲလမ်းလမ်းအသုံးပြုသူဖြစ်ပါတယ်။ များသောအားဖြင့်တော့ သူ့ရဲ့ အကြောင်းအရာများကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီး ပို့စ်လေးတွေ တင်လေ့ရှိပါတယ်။
ဒီနေ့မှာတော့ ဂုဏ်ယူစရာ ပို့စ်တစ်ခုကို တင်လိုက်တာပဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခဲ့လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ချစ်လို့တဲ့ ပေးလလိုက်တာလေး ဆိုပြီး ရေးသားထားပါတယ်။ သူဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် လှှုပ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။