ကွယ်လွန်သွားတဲ့ အဖေကိုရည်စူးပြီး ကုသိုလ်လုပ်ခဲ့တဲ့ အဆိုတော် ပန်းအိဖြူ




မြန်မာသံအဆိုတော် ပန်းအိဖြူတစ်ယောက်ကတော့ ကွန်လွန်သွားတဲ့ သူမရဲ့ ဖခင်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုပြုလပေးခဲ့တယ်လို့ သိရပါတယ်။ ဖေ့စ်ဘွက်ပုံမှန် အသုံးပြုလေ့ရှိတဲ့ ပန်းအိဖြူက ဒီအကြောင်းကို သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာပဲ ဖြစ်ပါတယ်။

အဖေကွယ်လွန်တာ ၅ နှစ်ပြည့်ခဲ့ပါပြီး ဖေ့ဖေ့အတွက် ရည်းစူးပြီး ကိုသိုလ်ကောင်းမှု အလှူဒါနများလုပ်ပေးဖြစ်ခဲ့ပါတယ်ရှင်။ ရောက်ရာဘုံဘဝမှ ကုသိုလ်အဖို့ဘာဂကို ထပ်တူထပ်မျှရရှိပြီး သာဓုခေါ်ဆိုနိုင်ပါစေ ဖေဖေ လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ခုလို ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

ပန်းအိဖြူက မြန်မာသံအဆိုရှင်လောကမှာ နာမည်ရရှိထားသူ အဆိုတော်တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်စီးရီးအချို့နဲ့ ပြန်ဆိုတေးများစွာကိုလည်း သီဆိုထားပါတယ်။ ခုဆိုရင်တော့ မင်္ဂလာပွဲ၊ အလှူပွဲတွေ များစွာ ပါဝင်ဖျော်ဖြေနေရပါတယ်။ အသံဟန် သူများနဲ့မတူတဲ့ ပန်းအိဖြူကို ပရိတ်သတ်က သီးသန့်သိရှိနေကြတာ ဖြစ်ပါတယ်။