ကလေးနှစ်ယောက်ယူဖို့ စိတ်ကူးထားတယ် ဆိုတဲ့ မြင့်မြတ်




Unicode Verison > ပရိတ်သတ်အချစ်ခံရတဲ့ သရုပ်ဆောင် မြင့်မြတ်တစ်ယောက်ကတော့ အိမ်ထောင်ကျပြီးလည်း ပရိတ်သတ်အချစ်တွေက လျော့မသွားပဲ ပိုးများလာတာလို့ ပြောရမှာပါပဲ။ ခုတော့ ရင်သွေးလေးတစ်ယောက် ရနေပါပြိး သူက ကလေးနှစ်ယောက်ယူဖို့ စိတ်ကူးထားတယ်လို့ ပရိတ်သတ်ကို ပြောပြလာပါတယ်။

ရင်သွေးလေးက နှစ်လကျော်သုံးလလောက်ရှိနေပြီး ယောက်ျားလား မိန်းကလေးလား ဆိုတာတော့ မသိရသေးပါဘူး။ လိုချင်တာတော့ ယောက်ျားလေးလိုချင်တာပေါ့လို့လည်း မြင့်မြတ်က 8Days ဂျာနယ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။ ခုတော့ ရင်တွေ အရမ်းခုန်နေပါတယ်လို့ မြင့်မြတ်က ရိုးရိုးရှင်းရှင်းပဲ ပြောပါတယ်။

သူ့ကိုရော၊ မိန်းမကိုရော မွေးလာမယ့် ကလေးကိုပါ ပရိတ်သတ်က ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း မြင့်မြတ်က ပြောပါတယ်။ ကလေးကတော့ နှစ်ယောက်ယူသွားမယ်လို့ ပြောထားပါတယ်။ မြင့်မြတ်က ဇာတ်ကားရိုက်တွေ အဆက်မပြတ်ရှိနေပြီး အနုပညာလုပ်အားအကောင်းဆုံး မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

error: Content is protected !!