ဖေ့စ်ဘွက်သုံးရတာကို အကြီးအကျယ် စိတ်ဓာတ်ကျနေတဲ့ ဇေရဲထက်




သရုပ်ဆောင် ဇေရဲထက်တစ်ယောက်ကတော့ ဖေ့စ်ဘွက်လူမှုကွန်ယက်ကို ဆက်သုံးဖို့အတွက် အကြီးအကျယ်ကို စိတ်ဓာတ်တွေ ကျဆင်နေတာကို တွေ့ရပါတယ်။ သူ့အတွက် အဆင်မပြေမှုတွေ အအနှောက်အယှက်တွေက အတန်းလိုက်ကို ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ အာပေးတဲ့သူလည်း ရှိသလို သူတစ်ခုခုလုပ်တိုက် ဝေဖန်အပြစ်ပြောကြတဲ့သူတွေကလည်း အများအပြားရှိနေတာကို တွေ့ရပါတယ်။ မကြာသေးခင်က ဇေရဲထက်ဟာ ထိုင်းမဂ္ဂဇင်းတစ်ခုကာဗာအတွက် အရမ်းဆက်ဆီဖြစ်တဲ့ ဓာတ်ပုံတွေ ရိုက်ပေးခဲ့ပါတယ်။ ဒါတွေကိုလည်း ပရိတ်သတ်အချို့ ဝေဖန်ထားပါတယ်။ ဒီအပေါ်မှာလည်း ဇေရဲထက်တစ်ယောက် စိတ်ခံစားမှု အနည်းငယ်ရှိနေတယ်လို့ ယူဆရပါတယ်။

တစ်ဆက်တည်းမှာပဲ သူ့ရဲ့ဖေ့စ်ဘွက်အကောင့်ကို ဟက်ကာတွေက ဟက်ခဲ့ပြီး ပြန်ပေးခဲ့ပါတယ်။ ထို့နောက်မှာတော့ ဟက်ကာတွေကလည်း သူ့အကောင့်ပေါ်မှာ စာတွေဝင်ရေးချင်တဲ့အချိန် ဝင်ရေးနေတာကို တွေ့ရပါတယ်။ တစ်ပြိုင်နက်တည်းပဲ သူ့ရဲ့အကောင့်ဟာ မငြိမ်တော့ပါဘူး။ လော့ကျလိုက် ပြန်ရလိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရီပို့ထုနေကြတာတွေအတွက် အရမ်းစိတ်ညစ်ကြောင်း ပို့စ်များလည်း မကြာခဏတင်လာတာကို တွေ့ရပါတယ်။

error: Content is protected !!