သံဃာတော်တွေပင့်ပြီး အိမ်မှာ ၅ ရက် ပဋ္ဌာန်းပွဲ ကျင်းပနေတဲ့ ဟိန်းဝေယံ




သရုပ်ဆောင် ဟိန်းဝေကတစ်ယောက်ကတော့ သူ့ရဲ့ နေအိမ်မှာ သံဃာတော် အများအပြားပင့်ဖိတ်ပြီး ငါး ရက်ပဋ္ဌာန်းပွဲကြီး ကျင်းပနေတယ်လို့ သိရပါတယ်။ ဒီပွဲကို မနေ့ (ဖော်ဖော်ဝါရီလ ၄ ရက်) တည်းက စတင်ကျင်းပနေတာလည်း ဖြစ်ပါတယ်။

မနေ့က သူ့ရဲ့ ပရိတ်သတ်တွေနဲ့အတူ ပရဟိဂေဟာတွေမှလည်း ပျော်ပျော်ပါးပါး သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဟိန်းဝေယံက ဘာသာတရာကိုး ထူးထူးခြားခြားလိုက်စားသူ မင်းသားတစ်ယောက်ဖြစ်ပြီး ဘုရားများစွာကိုလည်း ပါဝင်ကုသိုလ်ယူ ထီးတင်ခဲ့ဖူးတာကို တွေ့ရပါတယ်။

ပရိတ်သတ်အားပေးမှု အများအပြားရရှိထားသလို ဝေဖန်မှုတွေနဲပလည်း ရင်ဆိုင်ခဲ့ရတဲ့ မင်းသားချောဟိန်းဝေယံက အနုပညာလမ်းကြောင်းက ခြောက်ကပ်ကပ်လိုဖြစ်နေပေမယ့် ခုဆိုရင် သက်တမ်းတစ်ခုရလာတဲ့အထိ အနုပညာလမ်းကြောင်းပေါ်မှာပဲ လျှောက်လမ်းနေတာကို တွေ့ရပါတယ်။ သူ့ကို ဝေဖန်သူတွေလည်း အချိန်တိုင်းလို ရှိနေတာကို တွေ့ရပါတယ်။