ရာသက်ပန် ခြေလေးချောင်းသား မစားတော့ဖို့ အဓိဋ္ဌာန်လိုက်တဲ့ စိုးမြတ်နန္ဒာ




သရုပ်ဆောင် စိုးမြတ်နန္ဒာတစ်ယောက်ကတော့ ခြေလေးချောင်းသားကို ရာသက်ပန် ရှောင်ကျဉ်သွားဖို့ သစ်တံခါးဆရာတော်ဘုရားထံမှာ လှူဒါန်းလိုက်ပြီလို့ သိရပါတယ်။ စိုးမြတ်နန္ဒာက ဘာသာရေးတွေ လိုက်စားနေတာ နည်းနည်းကြာလာပြီး ဒီတစ်ခါတော့ ခြေလေးချောင်းသား ရှောင်ကျဉ်တဲ့အဆင့်ကို လုပ်လိုက်တာလည်း ဖြစ်ပါတယ်။

သစ်တံခါးဆရာတော်ဘုရားထံ ခြေလေားချောင်းသတ္တဝါအား စားသောက်ခြင်း ရာသက်ပန်ရှောင်ကျဉ်ပါ့မယ်လို့ လှူခဲ့ပါတယ် လို့ စိုးမြတ်နန္ဒာက သူမရဲ့ အင်စတာဂရမ်မှာ ဒီနေ့ (ဖော်ဖော်ဝါရီလ ၅ ရက်) မှာပဲ ရေးသားထားတာကို တွေ့ရပါတယ်။ သူမက ဖေ့စ်ဘွက်နဲ့ အင်စတာဂရမ်ကို ပုံမှန်အသုံးပြုနေသူလည်း ဖြစ်ပါတယ်။ စိုးသူနဲ့ စုံတွဲပုံတွေလည်း မကြာမကြာတင်တတ်တာကို တွေ့ရပါတယ်။

နာမည်ကျော် အကယ်ဒမီရ မင်းသမီးတစ်ယောက်ဖြစ်ခဲ့တဲ့ စိုးမြတ်နန္ဒာက အိမ်ထောင်ရေးကံမကောင်းခဲ့ပဲ ပထမ အဆိုတော်ဖြိုးကြီးနဲ့ အိမ်ထောင်ကျကာ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ခုတော့ အကယ်ဒမီ စိုးသူနဲ့ တွဲနေပြီး အစတုန်းက ဝေဖန်မှုတွေ အများကြီးထွက်ခဲ့ပေမယ့် ခုတော့ အသံမကြားရတော့ပါဘူး သူတို့နှစ်ယောက်က ဘာသာရေးတွေ လိုက်စားနေတာကိုလည်း တွေ့ရပါတယ်။

error: Content is protected !!