ကားအက်စီးဒင့် ဖြစ်ခဲ့ပြီး ပရဟိတအလုပ်တွေ တိုးလုပ်သွားဖို့ ဆုံးဖြတ်လိုက်တဲ့ ခိုင်နှင်ဝေ



ဒီနေ့ ဖေဖော်ဝါရီလ ၄ ရက်ညမှာတော့ ယင်းအက်စီးဒင့်အကြောင်းကို ပြန်ပြောပြလာတာ ဖြစ်ပါတယ်။ အက်စီးဒင့်အကြောင်းလာမေးတဲ့ သွန်းဆက်၊ နေမင်း၊ အိချောပိုနဲ့ တခြားလူတွေအများကြီးကို ကျေးဇူးတင်ကြောင်း စပြီးပြောထားပါတယ်။ ဘုရား၊တရား၊သံဃာရဲ့ကျေးဇူးကြောင့် ခုလို အသက်မသေဘဲ ရှိနေနိုင်တာဖြစ်ကြောင်းလည်း ခိုင်နှင်းဝေက ပြောထားပါတယ်။ နောက်ကို ကုသိုလ်ကောင်းမှုတွေ၊ ပရဟိတတွေ၊ မိဘကိုပြုစုတာတွေ တိုးပြီ့းလုပ်သွားမယ်လို့လည်း သူမက ဆုံးဖြတ်ချက်ချပြီး ပြေထားပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေတစ်ယောက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထိတ်လန့်ဖွယ်ရာ ကားအက်စီးဒင်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့အတူ သူ့အမေရယ် သူ့အိမ်က ကောင်မလေးတစ်ယောက်ရယ်ဟာ ဘာမှမဖြစ်ခဲ့တဲ့အကြောင်း ပြောလာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ညက သူမတို့ကား အက်စီးဒင့်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးဟာ ရစရာမရှအောင်ပဲ ကြေမွပျက်စီးခဲ့တာကို သူမကိုယ်တိုင်တင်ထားတဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။ သူမတို့စီးလာတဲ့ကားကို နောက်က သဲကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။