ပရိတ်သတ်များနဲ့အတူ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့ ဟိန်းဝေယံ
မင်းသားချော ဟိန်းဝေယံတစ်ယောက်ကတော့ သူ့ရဲ့ ပရိတ်သတ်တွေနဲ့ ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဟိန်းဝေရံပရဟိတအဖွဲ့ ပေ့ချ်မှာ ဓာတ်ပုံများနဲ့အတူ ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။
ငွေကြယ်ပွင့် ဟိန်းဝေယံ ပရဟိတအဖွဲ့ရဲ့ ပထမဦးဆုံးအကြိမ် အလှူလေးကို ကျိုက်ဝိုင်းမသန်စွမ်းကျောင်းမှာ ကလေး(89)ယောက် ၊ ဝန်ထမ်း(28)ယောက်အတွက် ယုန်မွေးစောင် (117) ထည်၊ ကလေးများအတွက်(ပဲနို့+ပေါင်မုန့်-90)၊ မနက်+နေ့လည်+ည )စာများ လှူဒါန်းခြင်းကို 4.2.2018 ဒီနေ့တွင် ပြုလုပ်ခဲ့ပါသည်။ နတ်,လူ သာဓုခေါ်စေသော် လို့ ရေးသားထားပါတယ်။
ထို့အပြင် သူ့ရဲ့အိမ်မှာလည်း သံဃာတော်တွေပင့်ပြီးတော့ ဆွမ်းကပ်ပရိတ်တရားတော် နာယူခဲ့တယ်လို့ သိရ့ါတယ်။ ဟိန်းဝေယံက ဘာသာရေး လိုက်စားသူ မင်းသားတစ်ဦးဖြစ်ပြီး ယခင်မှာလည်း ဘုရားထီးတင်တာတွေ အများအပြားလုပ်ဖူးသူ ဖြစ်ပါတယ်။ နယ်များစွာမှာလည်း သူ့ရဲ့ လှူဒါန်းမှုတွေ ရှိပါတယ်။