မိန်းမယူဖို့ အစီအစဉ်မရှိသေးလို့ စိတ်အေးကြဖို့ ပရိတ်သတ်ကို ပြောပြလာတဲ့ စွမ်းဇာနည်






နာမည်ကျော် ဇာတ်မင်းသားနဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စွမ်းဇာနည်က မိန်မမယူသေးပါဘူး စိတ်အေးအေးနေကြပါလို့ သူ့ရဲ့ပရိတ်သတ်တွေကို အသိပေးစကား ပြောလိုက်ပါတယ်။ ဖေ့စ်ဘွက်လူမှုကွန်ယက်ပေါ်မှာ စွမ်းဇာနည် မိန်းမယူတော့မယ်လို့ သတင်းတွေ ပွနေတာကို ရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။

ကလို့လည်း မဝသေးတာကြောင့် တစ်ကြောင့်၊ မိန်းမယူတယ်ဆိုတာ စဉ်းစဉ်းစားစား လုပ်ရတဲ့ အလုပ်ဖြစ်တာကြောင့်တစ်ကြောင်းတို့ကြောင့် မိန်းမယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စွမ်းဇာနည်က သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ စာခပ်ရှည်ရှည်ရေးပြီး ပြောလာတာ ဖြစ်ပါတယ်။

“အိမ်ထောင်ပြု့တယ်ဆိုတာ အိမ်မြှောင်ဥလိုသေးသေးလေးမဟုတ်ဘူး မိန်းမ ဆိုတာ သူစိမ်းကဖြစ်လာသူပါ လက်တွဲဖော်သည် တသက်ပဲလှော်နဲ့စားနိုင်ပမလား မတရားတဲ့အလုပ် ကြင်ယာကို နင်ရှာဆိုပြီး ငါအိမ်မှာဇိမ်ပါပါထိုင်စားမယ့်ကောင်မျိုးမဟုတ် ဇနီးမယား ဆိုတာ တနည်းအားနဲ့ပြောရရင် ခရီးသွားနေတဲ့ဘဝလမ်းတဝက်မှာ မနက်ဟာ မီးများလိုသူဘဝမပူရအောင် ဒီကောင်ကာကွယ် ရွာမည့်မိုးမတိုးအောင် ထီးများလိုဆီးတား ဇနီးမယားကိုကျောမှာပိုး ကာကွယ်နိုင်ပြီလား ? အိမ်သူသက်ထား ဖက်ထားပေးယုံနဲ့ တသက်နားမအေးဘူး တဖက်သားအတွက် မနက်များစွာ ချက်စားဖို့ရှာပေးနိုင်ဦးမှ အသုံးကျတဲ့ယောကျာ်းဆိုပြီး ပြုံးနိင်မှာ တဘဝလုံးရုန်းနိင်ပြီလား? ”

သားသမီး ရလာရင် အစမှာတင် နားညည်းလို့မရဘူး ကားစီးပြီးကျောင်းတတ်ချင်လဲ မဝယ်ပေးနိုင်ရင် ကိုပဲစိတ်မကောင်းဖြစ်ရမယ် ချစ်ရတဲ့သားသမီးအတွက် မျိုးဆက်ကိုတိုးတတ်ဖို့ ဆုံးမနိုင်မှအသုံးကျတဲ့ဖခင်ဖြစ်မှာ အဆုံးဘဝတိုင်ထိ ခင်းဗျားကြီးသွားဖြီးနေနိင်ဖို့ အခုထဲကဘာပြင်ဆင်ပြီးပြီလဲ ကဲ ရှဲ ဆိုပြီးကျက်သွားရအောင်ကြက်ဥကြော်တာလောက်မလွယ်ဘူး ။

ဒါကြောင့် ကျွန်တော့အသက်အရွယ် ခက်ငယ်ငယ်မဟုတ်ပေမယ့် ရှုပ်နေတဲ့facebookပေါ်မှာ ကျုပ်မိန်းမယူတော့မယ်ဆိုပြီး ဘုတ်တွေလာမထောင်ကြပါနဲ့ ငါတောင် က လို့မဝသေးဘူး အစလေးမြူးပြီး ခနလေးတွေးဘဝတခုမထူထောင် ယူတောင်နောင်ဆယ်နှစ် တကယ်ချစ်မှယူမှာ ဖြူတာပြာတာမခွဲခြား အသည်းကြားမှာအမြဲထားနိုင်မှ နှလုံးသားချင်းညားနိုင်မယ့်သူ အရင်ရှာပါဦးမယ် ကျွန်တော့ပရိတ်သတ်များ ကျွန်တော့အတွက် စိတ်အေးကြပါ ဘဝကိုခနနဲ့ဆုံးဖြတ် အရှုံးနဲ့ရပ်မယ့်ထဲ ဒီဘဲမပါဘူး ….. စွမ်း

error: Content is protected !!